၇၇ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့နယ်၌ကွန်ကရစ် လမ်းဖွင့်လှစ်

ကန်ကြီးထောင့် မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၌ (၇၇)နှစ်မြောက် တပ်မ တော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့နံနက် ၇နာရီအချိန်က အဆို ပါကျေးရွာ ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာကွန်ကရစ်လမ်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေ းဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း တို့က ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက်ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများက ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ရွာသစ်ကုန်းကျေးရွာ ကွန်ကရစ်လမ်းအား ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေ (၁၀.၀)သန်း၊ ကျေးရွာနေပြည်သူများ၏ထည့်ဝင်ငွေ(၁.၀)သန်းဖြင့် ဆောင်ရွက်သော လမ်းဖြစ်ပြီး အလျား ၈၇၀ ပေ၊ အကျယ် ၈ ပေနှင့် ထု ၆ လက်မရှိသော ကွန်ကရစ်လမ်းဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)