တွံတေး မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တွံတေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ယမန်နေ့ ညနေ(၃)နာရီ အချိန်က သွားရောက်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး၍ ဝန်ထမ်းများအား မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် လက်တွေ့ မီးငြိမ်းသတ်နည်းအား ဇာတ်တိုက်လေ့ကျင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအချိန် ပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်သဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးအတွက် မိမိရုံးတွင်း သုံးစွဲသည့် လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက်စီးခြင်း ရှိ/မရှိ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်အောင် လျှပ်စစ်မီးကို အထူးသတိပြု၍ သုံးစွဲကြရန်၊ ရုံးဆင်း၊ရုံးပြန်တွင်မီးနှင့် ပန်ကာပိတ်ရန်၊ မိန်းချရန် မီးဘေးကြိုတင် ကာကွယ်နိုင်ရန်အတွက် ထားရှိအပ်သော ရှေးဦးမီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ရေအိတ်၊ မီးသတ်ရေပုံးများ၊ မီးသတ်ဆေးဗူးများအား အသင့် တပ်ဆင်ထားရှိကြရန်၊ မီးသတ်ဆေးဗူးများ ဟောင်းနွမ်းနေပါကအသစ်လဲလှယ်တပ်ဆင်ကြရန် မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ၊ ဦးစီးအရာရှိ ဦးစောမောင်သန်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများအား မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့် မီးလောင်းမှုဖြစ်ပေါ်လာပါက မီးငြိမ်းသတ်နည်း များအား လက်တွေ့ ဇာတ်တိုက်လေ့ကျင့်ခြင့်နှင့် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးသား