ကျောက်တန်းမြို့နယ်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာ စတင်ဖြေဆို

ကျောက်တန်း မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊  တောင်ပိုင်းခရိုင်၊  ကျောက်တန်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံနက်(၉)နာရီမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စတင်ကျင်းပလျက်ရှိရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် အခြေခံပညာကျောင်း (၁၃၂)ကျောင်းရှိပြီး ကျောင်းတက်ရောက်သူ ကျောင်းသား (၉၃၅၁)ဦး၊ ကျောင်းသူ(၁၀၀၆၁)ဦး၊ စုစုပေါင်း (၁၉၄၁၂)ဦးရှိပြီး အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲဖြေဆိုသူ ကျောင်းသား(၇၈၇၃)ဦး ကျောင်းသူ (၈၃၅၀)ဦး စုစုပေါင်း (၁၆၂၂၃)ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြောင်းသိရသည်။ ပျက်ကွက်သူ ကျောင်းသား (၁၄၇၈)ဦး၊ ကျောင်းသူ(၁၇၁၁) စုစုပေါင်း(၃၁၈၉)ဦး ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

အိသန္တာချို