ပေါက်တော မတ် ၁၈
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများ အား ဆဋ္ဌမအသုတ်(ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covishield ထိုးနှံ ပေးခြင်းကို ပေါက်တောမြို့ပေါ် မြို့နယ်သာသနာ့ဗိမာန်စုရပ် အပါအဝင် ကျေးလက် ကျန်းမာရေး ဌာန စုရပ်(၄)နေရာတို့တွင် ယနေ့နံနက်(၁၀)နာရီက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာစုရပ်များသို့ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကြသည်။
ကာကွယ်ဆေးထိုးနှံခြင်းများအား စနစ်တကျ ကာကွယ်ဆေးထိုးနှံနိုင်စေရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျေးလက်စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန် အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ထိုးနှံပြီးသည့်သူများအား မိနစ်(၃၀)ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆဋ္ဌမအသုတ် (ဒုတိယ) အကြိမ်ကို ယမန်နေ့က အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူ စုစုပေါင်း (၃၄၀၁) ဦး လာရောက်ထိုးနှံခဲ့ကြပြီး ကျန်ရှိပြည်သူများအား သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်