ဝါးခယ်မ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့်ကာလ ခြောက်လနှင့် အထက်ရှိသူ နိုင်ငံ့ဝန်ထမ်းများအား Covaxin ထပ်ဆောင်းထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဝါးခယ်မမြို့နယ် ပြည်သူ့ ဆေးရုံကြီးတွင် ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသည့် ကာလ ခြောက်လနှင့် အထက်ရှိသူ နိုင်ငံ့ ဝန်ထမ်းများအား Covaxin ထပ်ဆောင်း Booster Doseကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးခဲ့သည်။ ထိုသို့ထိုးနှံ ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ကူညီဆောင် ရွက်ပေးခဲ့ကြသည်။ ယနေ့တွင် ဝါးခယ်မမြို့နယ်ရှိ ဝန်ထမ်း (၁၅၂)ဦး ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ဝန်ထမ်းများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။
စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)