ပိုင်ကျုံ မတ် ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက် ပြန့်ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မတ်လ ၁၉ ရက်နေ့တွင် ပိုင်ကျုံမြို့ တိုက်နယ် ဆေးရုံ၌ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပိုင်ကျုံမြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်း ကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှ စတင်ခဲ့ရာယနေ့ အထိကာကွယ် ဆေးထိုးနှံပြီးသူ စုစုပေါင်းလူဦးရေ (၁၂၀၃၅) ဦးရှိပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် ဒေသခံပြည်သူများ၊ ရပ်ဝေးရွာဝေးမှ ပြည်သူများ၊ သွားလာရန် ခက်ခဲ သော ကျေးရွာများမှ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ နိုင်ရေး အတွက် ကျေးရွာအရောက် ကွင်းဆင်း၍လည်း ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကိုပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ တာဝန် ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ပိုင်ကျုံမြို့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ပြည်သူများ အဆင်ပြေလွယ်ကူစေရန် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
နော်ခူး (ပြန်/ဆက်)