မြန်အောင် မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့် (အဋ္ဌမတန်း) (Grade-9)စာမေးပွဲနှင့် ကျောင်း တွင်းစစ်နှစ်ဆုံး စာမေးပွဲများ ယနေ့ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာအလယ်တန်းဆင့် (အဋ္ဌမတန်း) (Grade-9) စာမေးပွဲကို မြန်အောင်မြို့နယ်အတွင်း စာစစ်ဌာန ကျောင်းပေါင်း( ၂၀) တွင် စာရင်းရှိ ကျောင်းသား (၅၅၃) ဦး၊ ကျောင်းသူ(၆၆၄)ဦး စုစုပေါင်း (၁၂၁၇)ဦးရှိရာ အင်္ဂလိပ်စာဖြေဆိုသူ ကျောင်းသား(၄၃၅) ဦး၊ ကျောင်းသူ (၅၄၃) ဦး စုစုပေါင်း (၉၇၈)ဦးရှိပြီး စာမေးပွဲဖြေဆိုသူ ၈၀.၃၆% ရှိကြောင်းသိရသည်။
မြန်အောင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် နှစ်ဆုံး စာမေးပွဲ များကို မတ်လ ၁၇ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ အတန်း အသီးသီးအလိုက် ဖြေဆိုလျက်ရှိပြီး (အဋ္ဌမတန်း) (Grade-9) စာမေးပွဲကို တစ်ရက်တစ်ဘာသာဖြင့် မတ်လ ၁၇ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ ဖြေဆိုသွားရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းဗိုလ် မြန်အောင်