အမြို့မြို့အနယ်နယ်သတင်းများ

Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲ‌ကျေးရွာအုပ်စု၊ ကတတ်ရိုးကျေးရွာ၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ မိုးသည်း ထန်စွာရွာသွန်းမှု ကြောင့် (အလျား ၂၅ ပေ၊ အနံ ၁၀ ပေ) ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ် (၁)လုံးပြို ကျပျက်စီးခဲ့ပြီး (အလျား၂၅ ပေ၊ အနံ၁၀ ပေ) သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး သွပ်(၁၀)ချပ် အမိုးလန် ဆုံးရှုံးခဲ့ရသည်။
Mar 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ် ရေး  အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို   ယနေ့နံနက်   (၈) နာရီက ကြက်စိမ့်ကျေးရွာအတွင်းရှိ လမ်းဆုံနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ၀န်ထမ်းများ၊  ကျန်းမာရေး၀န်ထမ်းများ ၊  ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့်    ပရဟိတအဖွဲ့၀င်များက Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် စိုက်ပျိုးရေးသွင်းအားစု ဓါတ်မြေဩဇာများ၊ ဓါတုပိုးသတ်ဆေးများ ဈေးနှုန်းကြီးမြင့်၍ တောင်သူများ အပြည့်အဝမသုံးစွဲနိုင်ခြင်းကြောင့် အထွက်နှုန်းကျဆင်းခြင်းမရှိစေရန် လယ်ယာထုတ်ကုန်မှု စရိတ်လျော့ချနိုင်စေရန်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ လယ်ယာထွက်ကုန်များ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်ပြသခြင်းကို  ယနေ့နံနက် ၁၀ နာရီက ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာ တောင်သူဦးသန်းအောင်၏ နေအိမ်၌ လက်တွေ့ ကွင်းဆင်းဆောင်ရွက်ပေးသည်။
Mar 23,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်ထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၅၈၄)ဦးဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
Mar 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား အသိပညာပေးအစီအစဉ်အဖြစ် Talk Show အစီအစဉ်ကို တင်ဆက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre အတွင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနနှင့်ပူးပေါင်း၍ လတ်တလောဖြစ်ပွားနေသော မုန်တိုင်းဘေးအန္တရာယ် ဆိုင်ရာ ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ဆွေးနွေးပြုလုပ်ပေးခဲ့သည်။
Mar 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများ၏ ပင်စင်လစာ ငွေများကို မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ပုံမှန်ဆက်လက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Mar 23,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ​ခြေခံပညာဉီးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲပိုင်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အထက(ဟိုပန်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။