တနင်္သာရီမြို့နယ် Community Centre အတွင်း မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကျင်းပ

တနင်္သာရီ မတ် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား အသိပညာပေးအစီအစဉ်အဖြစ် Talk Show အစီအစဉ်ကို တင်ဆက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်  မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre အတွင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနနှင့်ပူးပေါင်း၍ လတ်တလောဖြစ်ပွားနေသော မုန်တိုင်းဘေးအန္တရာယ် ဆိုင်ရာ ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ဆွေးနွေးပြုလုပ်ပေးခဲ့သည်။

ယင်းသို့ အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဆန်း က မုန်တိုင်းဘေးအန္တရာယ် မဖြစ်ပွါးမီ၊ ဖြစ်ပွားနေဆဲနှင့် ဖြစ်ပြီးကာလ တို့တွင် မုန်တိုင်းသတိပေးချက်နှင့်အညီ ဆောင်ရန်၊ လိုက်နာရန်နှင့်ရှောင်ရှားသင့်သည့် အချက်များ၊ ကြိုတင်ကာကွယ်ရေး ဆိုင်ရာများ၊ မုန်တိုင်းသတိပေးချက် အရောင်သင်္ကေတ အဆင့်(၅)ဆင့်နှင့် လိုက်နာရန်အချက်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် (၂၄)နာရီ ဖွင့်လှစ်ထားရှိသော အချိန်မရွေးဆက်သွယ် အကူအညီတောင်းခံနိုင်သော Hot-Line ဖုန်းနံပါတ်များအား ရှင်းလင်း ဆွေးနွေးပေးပြီး၊ မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံရေဒီယိုတို့မှ အရေးပေါ်ထုတ်လွှင့်ပေးနေသော မိုးလေဝသထူးခြားမှု သတင်းများကို အစဉ်ဆက်မပြတ် လေ့လာနား ထောင်ကြပါရန် တိုက်တွန်းဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိသည်။

နန်းသာရီ-ထိန်ဝင်း