စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

စဉ့်ကိုင် မတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ် ရေး  အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို   ယနေ့နံနက်   (၈) နာရီက ကြက်စိမ့်ကျေးရွာအတွင်းရှိ လမ်းဆုံနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ၀န်ထမ်းများ၊  ကျန်းမာရေး၀န်ထမ်းများ ၊  ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့်    ပရဟိတအဖွဲ့၀င်များက Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  နှိုးဆော်ချက်များတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါသည်  မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှု ယခုအခါ ပိုမိုများပြားလာခြင်း၊ ကိုဗစ်-၁၉ရောဂါသည်  ရောဂါလက္ခဏာ မပြသူများထံတွင်လည်း ရောဂါပိုးကူးစက်ခံရမှုများ ရှိနေခြင်းကြောင့်   ကိုဗစ်-၁၉ရောဂါ  ကူးစက်မှု မရှိစေရေး ကြိုတင်ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉  ဗီဇပြောင်း မျိုးကွဲအိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး   နေအိမ်အတွင်းသာ နေထိုင်ကြရန်၊ မိမိအိမ်တွင်ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်နှင့် မိမိကလည်း အခြားသူများထံသွား​​ရောက်ခြင်းမပြုရန်၊ မဖြစ်မနေ အရေးကြီး ကိစ္စကြောင့် နေအိမ်ပြင်ပသို့ထွက်ခွာပါကနှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ကြရန်နှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများနှင့်  တွေ့ဆုံခြင်း၊  စကား ပြောခြင်း၊ လေ၀င်လေထွက်မကောင်းသောအခန်းများကို ရှောင်ရန်နှင့် မိမိတို့နေအိမ်များကို   ပြူတင်းတံခါးများဖွင့်ပြီး လေ၀င်လေထွက်ကောင်းအောင်ပြုလုပ်ကြရန်၊ အသုံးပြုပြီးသော နှာခေါင်း စည်း( Mask )များကို  စနစ်တကျ စွန့်ပစ်ရန်နှင့် ကိုဗစ် - ၁၉ ရောဂါကူးစက်ခံစားနေရသည်ဟု သံသယရှိပါက  နီးစပ်ရာကျန်းမာရေးဌာနများနှင့် ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြပါရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ထိန်းချုပ်နိုင်ရန်  ပြည်သူများအားလုံးလိုက်နာကြ ပြီး   ကြက်စိမ့်ကျေးရွာအတွင်း အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိအသက်(၁၈)နှစ်အထက်ရှိသော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးလုံး၀မထိုးနှံရသေးသည့် မိဘပြည်သူများ သက်ဆိုင်ရာဆေးထိုးစုရပ်သို့ ကိုဗစ် ကာကွယ်ဆေး မပျက်မကွက် သွားရောက်ထိုးနှံကြရန်နှင့် ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများအား ထိရောက်စွာ စစ်ဆေးကြပ်မတ်အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါ၍  သက်ဆိုင်ရာ  ဆေးထိုးနှံစုရပ်သို့ မပျက်မကွက် သွားရောက်ထိုးနှံကြရန် Hand Speaker ဖြင့် လှည့်လည်လိုက်လံအသိပေးနှိုးဆော်ခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)