အမြို့မြို့အနယ်နယ်သတင်းများ

Mar 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်၊ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန် စာကြည့်တိုက်သို့လာရောက်ပြီး စာဖတ်သည် အလေ့အကျင့်ကောင်းများရရှိစေရန် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀နာရီက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြို စာစီစာကုံး ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့သည်။
Mar 23,2022
နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝအထောက်အကူဖြစ်စေနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်  ယမန်နေ့နံနက် ၉ နာရီခွဲတွင် တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Mar 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ် ရေးမှူးများပါဝင်သည့်
Mar 23,2022
စားသောက်ကုန်အသီးအနှံများတွင် ရှောက်သီးသည် စားသုံးသူများ သုံးစွဲစားသောက်မှုများသည့် အသီးအနှံများတွင် ပါဝင်လျက် ရှိပြီး ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာအုပ်စု /ကျေးများ၌ ‌ရာသီဥတုနှင့် သဘာဝရေမြေအနေ အထားအရ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး မြို့နယ်အတွင်း၌ ရှောက်ပင်စိုက်ပျိုးဧကပေါင်းများစွာရှိပြီး နှစ်စဉ်မိုးရာသီနှင့် နွေရာသီတွင် ရှောက်သီးများစွာထွက်ရှိသည့် မြို့နယ်တစ်မြို့ဖြစ်ကြောင်း သိရသည်။
Mar 23,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ်ဆောင်ရွက်မှုဖြင့် အားကောင်းသော မုန်တိုင်းငယ် အသိပေးခြင်းကို အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းနှင့် မုန်တိုင်းအသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 23,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ အုပ်စုတွင် နွေစပါး (၅၅) ဧက တင်း(၁၂၀) အထက်ထွက်ရှိရေး စံပြကွက်ဧရိယာများတွင် ဥကပ်ပါးနဂျီလွှတ်ပွဲ ကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Mar 23,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် လေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုကော်မတီမှ ဦးဆောင်ပြီး လေဘေးဒဏ်ခံရနိုင်သော အိမ်ထောင်စုများအား ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်ကာ မုန်တိုင်းခိုလှုံနိုင်ရန် Cyclone Shelter များသို့ ပြောင်းရွေ့ပေး လျက်ရှိကြောင်း သိရသည်။
Mar 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်လွမ်းခြုံနိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။