ထန်းတပင် (ပဲခူး) မတ် ၂၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်ထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၅၈၄)ဦးဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင် စာစစ်ဌာနများအဖြစ် ထန်းတပင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ဇရပ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် လှည်းလမ်းကူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအပါအဝင် စာစစ်ဌာန (၃)ခု ဖွင့်လှစ်ထားရှိ သွားမည်ဖြစ်သည်။ ထန်းတပင်မြို့နယ်အနေဖြင့် ကျောင်းတွင်းဖြေဆိုသူ (၄၇၇)ဦး၊ ပြင်ပဖြေဆိုသူ(၁၀၇)ဦးတွင် အတွဲ (၁)ကျောင်းတွင်း ဖြေဆိုသူ (၃၂၀)ဦး၊ ပြင်ပဖြေဆိုသူ(၈၀)ဦး၊ အတွဲ (၂)ကျောင်းတွင်းဖြေဆိုသူ ( ၁ )ဦး၊ အတွဲ (၇)ကျောင်းတွင်းဖြေဆိုသူ (၁၅၆) ဦး၊ပြင်ပဖြေဆိုသူ (၂၇) ဦး၊စုစုပေါင်းဖြေဆိုသူ (၅၈၄)ဦး ၀င်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)