Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်ကြီးမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်း ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန် က ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတောင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Mar 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ကျိုင်းတောင်းနယ်မြေရဲစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Mar 23,2022
ပဲခူးခရိုင် မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၀၈:၀၀အချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ တတိယနေ့အဖြစ် အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများနှင့် (Grade - 9) စာမေးပွဲတို့ အေးချမ်းစွာ ဖြေဆိုပြီးစီး
Mar 23,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့်အလိုက် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများနှင့် (Grade - 9) စာမေးပွဲကို နိုင်ငံတစ်ဝှမ်း ယနေ့တွင် ဖြေဆိုပြီးစီးပြီဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးစီး၍ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ
Mar 23,2022
၂၀၂၂ ခုနှစ်၊မတ်လ (၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက် ၁၁ နာရီအချိန်က မိုးကုတ်မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကား သောစျေးများသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကျန်ရှိမှု မရှိစေရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းစာရင်းကောက်ယူ
Mar 23,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကျန်ရှိမှုမရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ရပ်ကွက်များတွင် မြေပြင် ကွင်းဆင်း စာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ်၌ အခြေခံပညာ နှစ်ဆုံးစစ်ဆေးခြင်း စာမေးပွဲ အေးချမ်းစွာပြီးဆုံး
Mar 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲကို ယနေ့တွင် ဖြေဆိုပြီးဆုံးခဲ့၍ ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့၌ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းတွင်းစစ်စာမေးပွဲများအား တည်ငြိမ်အေးချမ်းစွာ ဖြေဆိုပြီးစီး
Mar 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့၌ ယနေ့နံနက် (၁၁)နာရီအချိန် က အခြေခံပညာ အထက်တန်းကျောင်း (ကွမ်းလုံ)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (ဟိုလီ)နှင့် အခြေခံပညာ အလယ်တန်းကျောင်း (တပ်တွင်း)တို့တွင် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းတွင်းစစ် စာမေးပွဲအား တည်ငြိမ်အေးချမ်းစွာဖြေဆိုပြီးစီး၍ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာဖြင့် နေအိမ်သို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
21972
Page
21973
Page
21974
Page
21975
Current page
21976
Page
21977
Page
21978
Page
21979
Page
21980
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department