အမြို့မြို့အနယ်နယ်သတင်းများ

Mar 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ ကြောင်းသိရသည်။
Mar 23,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဇော်သန်းထွန်း ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေ ၄ နာရီက ပုဏ္ဏားကျွန်းမြို့ စက်မှုဇုံတိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်း၌ သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ကြေညာပေးခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင် ဖြန့်ဝေခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့က ယမန်နေ့ ညနေ ၄ နာရီတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 23,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များ ပူးပေါင်းကာ ယမန်နေ့နံနက် ၈နာရီအချိန်က ဘူးသီးတောင်မြို့နယ် ကျေးရွာ(၉)ရွာသို့ အရောက်သွားရောက်ပြီး အားကောင်းသော မုန်တိုင်းငယ်သတိပေး ချက်များအား အသိပေးနိုးဆော်ခြင်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 23,2022
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မတ်လ(၂၂)ရက် နံနက် (၁၀) နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌  ကျင်းပခဲ့သည်။
Mar 23,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် သဘာဝဘေးကျရောက်ပါက ပြည်သူများ အန္တရာယ် ကင်းစေရေး မြို့မရပ်ကွက်နှင့် ရဟိုင်ကူးတို့ကျေးရွာများရှိ ပင်လယ် ကမ်းခြေအနီး နေထိုင်ကြသော ပြည်သူများအား ယမန်နေ့ နေ့လည်ပိုင်းတွင် စိတ်ချရာ နေရာများသို့ ပြောင်းရွှေ့နေရာ ချထားခဲ့ကြောင်း သိရသည်။
Mar 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယမန်နေ့က မြေပြင်လူဦးရေစာ ရင်းများ တိုက်ဆိုင်စစ်ဆေးမှု ရာနှုန်းပြည့် အချိန်မီ ပြီးစီးနိုင်ရေး ညှိနှိုင်းအစည်းဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဒုဦးစီးမှူး ဦးလင်းလင်းထွန်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဌာနဆိုင်ရာ ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။
Mar 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ နွေရာသီရေရှားပါးကျေးရွာတွင် မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျေးလက်ရေပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း လေးဆယ်ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။