ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ပုံပြင်ပြောပြခြင်း၊ စာအုပ်ပြပွဲနှင့် ကလေးများ ပြိုင်ပွဲအစီအစဉ်ပြုလုပ်

နမ့်ဆန် မတ်လ ၂၃

 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်၏ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ပုံပြင်ပြောပြခြင်း၊ စာအုပ်စာစောင်ပြပွဲနှင့် ကလေးများ ဉာဏပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်မှ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ကလေးများအသိပညာ ဗဟုသုတရရှိစေမည့် ပုံပြင်ပြောပြပြီး  ကလေးများဉာဏပြိုင်ပွဲများဖြစ်သည့် ပုံဆွဲခြင်းများ ပြုလုပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်မှ စာကြည့်တိုက်ကို လာရောက်သောကလေးငယ်များအား  (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး  တပ်မတော်နေ့နှင့် ပတ်သက်သည့် ခင်းကျင်းထားသည့် စာအုပ်စာစောင်များကိုလည်း လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်