အမြို့မြို့အနယ်နယ်သတင်းများ

Mar 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉းဝဝ) နာရီအချိန်ခန့်က မိုင်းလုံမြို့အလယ်ရပ်ကွက်တွင် သွား‌ရောက်ငှားရမ်းပေးခဲ့သည်။
Mar 23,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျိန္တလီမြို့ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ဘတင်လမ်းရှိ လှေဆိပ်နှင့် အမှတ်(၂)ရပ်ကွက်၊ ယမုံနာလမ်းရှိ ကူးတို့ ဆိပ်တို့တွင် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 23,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာအနီးရှိ သံလှယ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၏ အကျိုးပြုဧရိယာအတွင်း စိုက်ပျိုးထားရှိသော နွေစပါးများအား မြေဩဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တောင်သူဦးကျော်ဆန်းဝင်း၏ ဆင်းသုခနွေစပါးစိုက်ခင်း၌ ကျင်းပသည်။
Mar 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များ အရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈)နာရီမှ ညနေ (၃)နာရီအထိ သုဝဏ္ဏ (၂၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Mar 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က  နမ့်ခွန်ကျေးရွာအတွင်းရှိ ပြည်သူများကို သွားရောက်ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။
Mar 23,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း နှိုးဆော်ခဲ့သည်။
Mar 23,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း၌ မီးလောင်မှုHostpotအရေအတွက် လျော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့လယ် ၁နာရီ ကကျင်းပသည်။
Mar 23,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးမှုကို ဧကပေါင်း ၁၇၇၀၃ ဧက စိုက်ပျိုးထားနိုင်ပြီး လျာထားချက်ထက် ၁၁၃၀ ဧကကျော် ပိုမိုစိုက်ပျိုးထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။