Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်းနှစ်ဆုံးစာမေးပွဲ နောက်ဆုံးရက်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆို
Mar 23,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းအခြေခံပညာ အလယ်တန်းအဆင့် နှစ်ဆုံး စာမေးပွဲ များကို မတ်လ ၁၇ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် နောက်ဆုံးနေ့အဖြစ် သိပ္ပံဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြေဆို လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Mar 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနှင့် ရှမ်းဘာသာတို့ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မိုင်းခတ်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းများ ဆောင်ရွက်လျက်ရှိ
Mar 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက ကျေးရွာများ အရောက်ကွင်းဆင်း၍ ထိုးနှံပေး
Mar 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်းဘီကျေးရွာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့်ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျေးရွာ အရောက်ကွင်းဆင်း၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း (Omicron) အိုမီခရွှန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်မြင့်ဆောက်ရွက်
Mar 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွှန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့နံနက် ၁၁နာရီက မြို့ပေါ် ရပ်ကွက်(၂)ခုတွင် လှည့်လည်နှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်အတွင်းရှိ ဒီးဒူးကုန်းကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃)လုံးပျက်စီး
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ မေဒါအိုင်ကျေးရွာ ၌ ယမန်နေ့ ညနေ (၅)နာရီ၊ မိနစ် (၃၀)အချိန်က လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီးဒူးကုန်းကျေးရွာရှိ လူနေအိမ်(၁)လုံးမှာ အမိုးလန်ပျက်စီးသွားပြီး မေဒါအိုင်ကျေးရွာရှိ လူနေအိမ်(၂)လုံး ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ဒီးဒူးကုန်းကျေးရွာနေ ဦးဌေးဝင်း ပိုင်ဆိုင်သော အလျား(၁၈)ပေ၊ အနံ(၂၇)ပေ၊ အမြင့်(၁၅)ပေရှိ ကွန်ကရစ်ခင်း၊ ကျောက်ပြားကာ၊ သွပ်မိုးအိမ်မှာ သွပ်အမိုး လန်ပျက်စီးသွားခဲ့ပြီး မေဒါအိုင်ကျေးရွာနေ ဦးငယ်လေးပိုင်ဆိုင်သော အလျား(၁၂ )ပေ၊ အနံ(၁၂)ပေ၊ အမြင့် (၁၀)ပေရှိ ပျဉ်ခင်း၊ ဓနိမိုး၊ ဓနိကာနေ အိမ်(၁)လုံးနှင့် ဦးဆန်းမင်းပိုင်ဆိုင်သော အလျား (၁၅ )ပေ၊ အနံ(၁၅)ပေ၊ အမြင့်(၁၅)ပေရှိ ပျဉ်ခင်း၊ ဓနိမိုး၊ ဓနိကာနေအိမ်(၁)လုံးတို့မှာ ပြိုကျပျက်စီးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Mar 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့နံနက် (၈) နာရီက ကြက်စိမ့် ကျေးရွာအတွင်းရှိ
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 23,2022
နမ္မတူမြို့နယ်၌ မတ်လ (၂၇) ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို မတ်လ (၂၃)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
21973
Page
21974
Page
21975
Page
21976
Current page
21977
Page
21978
Page
21979
Page
21980
Page
21981
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department