Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏အရှိန်ကြောင့် မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့ သော်လည်း ဟင်္သာတခရိုင်အတွင်းရှိ ဆည်ရေလှောင်တမံများ ကန်ရေပြည့်မှတ်သို့ မရေ…
Mar 23,2022
အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏အရှိန်ကြောင့် မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့သော် လည်း ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ဆည်ရေလှောင်တမံများဖြစ်သော မမြ၊ ကွန်ချောင်း၊ နန်ကသူနှင့် ကညင်ဆည် ရေလှောင်တမံများ ယနေ့နံနက် ၆ နာရီအချိန်ထိ ကန်ရေ ပြည့်မှတ်သို့ မရောက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၌ (၇၇) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၈)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာ များနှင့် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ သစ်တောများ မီးဘေးလုံခြုံရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ဟောပြောပွဲကျင်းပ
Mar 23,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ မွန်ပြည်နယ် မုဒုံမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီက သစ်တောများ မီးဘေးလုံခြုံရေးနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး ဟောပြောပွဲကို ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲပျော်ဘွယ်မြို့နယ်တွင်ကျင်းပ
Mar 23,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်ပြသပွဲကို ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီက ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ် အခြေခံပညာကျောင်းများတွင် နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာ ဖြေဆိုပြီးစီး
Mar 23,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအတွက် နှစ်ဆုံးစာမေးပွဲကို မတ်လ (၁၇) ရက်နေ့မှစတင်၍ ယနေ့ အထိကျင်းပပြုလုပ်ခဲ့ရာ နှစ်ဆုံးစာမေးပွဲသို့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတို့မှ ကျောင်းသား၊ ကျောင်းသူ (၂၁၂၆၃)ဦးတို့ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်အသစ် ပြုလုပ်မည့်သူများနှင့် မိတ္တူပြုလုပ်မည့်သူမ…
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးသလို ဦးစီးဌာနရုံးတွင်လည်း ဆောင်ရွက်ပေးလျက်ရှိရာ လျာထားချက်ပြည့်မှီပြီဖြစ်ပြီး အသစ်ပြုလုပ်မည့် သူများနှင့် မိတ္တူပြုလုပ်မည့်သူများကို ယနေ့တွင် ဆက်လက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် (Grade-9) အောင်မြင်စွာဖြေဆိုပြီးစီး
Mar 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ယနေ့နံနက် ၁၁ နာရီတွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade-9) စာမေးပွဲကို အောင်မြင်စွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 23,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက မြို့နယ် အတွင်းရှိ လူစည်ကားရာ နေရာများသို့ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
21971
Page
21972
Page
21973
Page
21974
Current page
21975
Page
21976
Page
21977
Page
21978
Page
21979
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department