ပုလောမြို့နယ်တွင် အထက်တန်း/အလယ်တန်း ကျောင်းသား/သူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြော

ပုလော  မတ်  ၂၃

ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မတ်လ(၂၂)ရက် နံနက် (၁၀) နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌  ကျင်းပခဲ့သည်။

ဟောပြောပွဲကို ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က တိုင်းပြည်နှင့်လူမျိုး ရေရှည်တည်တံ့ခိုင်မာရေးက အနာဂတ်ကြယ်ပွင့်လေးများဖြစ်တဲ့ နိုင်ငံသားကောင်းကျောင်းသားလူငယ်လေးများ၏ လက်ထဲမှာပဲရှိသောကြောင့် ကျောင်းသားလူငယ်လေးများအနေဖြင့် ထူးချွန်ထက်မြက်နေရုံသာမက အကျင့်စာရိတ္တကောင်းမွန်ရန် လိုအပ်သော ကြောင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက် လက်ထောက်-၃ ဒေါ်အေမီလှိုင်က စာရိတ္တဆိုတာ မှန်ကန်ဖြောင့်မတ် တည်ကြည်မှု အပေါ်အခြေခံ၍ တည်ဆောက်ထားသော ကိုယ်အမှုအရာ ယဉ်ကျေးခြင်း၊ နှုတ်အမှုအရာ ချိုသာသိမ့်မွေ့ခြင်း၊ စိတ်အမူ အရာ မှန်ကန်ဖြောင့်မတ်ခြင်းဖြစ်ကြောင်း၊ အကျင့်စာရိတ္တကို အနာဂတ်သားကောင်းများအတွက် မရှိ မဖြစ်လိုအပ်ကြောင်း ၊ ကျင့်စာရိတ္တ၏ အခြေခံသဘောတရားကို နားလည်လက်ခံပြီး ကျင့်သုံးတတ်ဖို့ လိုအပ်ကြောင်းနှင့် စာရိတ္တကောင်းမွန်ရေးတွင် ပတ်ဝန်ကျင်းကောင်းသည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်းစသည့် အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ရှင်သန်ရေး ဆိုတဲ့ ကောင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

အေးအေးမော်(ပုလော)