ဂွမြို့နယ်တွင် သဘာဝဘေးကျရောက်ပါက ပြည်သူများအန္တရာယ်ကင်းစေရေး စိတ်ချရာနေရာ များသို့ ပြောင်းရွှေ့နေရာချထားပေး

ဂွ  မတ် ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် သဘာဝဘေးကျရောက်ပါက ပြည်သူများ အန္တရာယ် ကင်းစေရေး မြို့မရပ်ကွက်နှင့် ရဟိုင်ကူးတို့ ကျေးရွာများရှိ ပင်လယ် ကမ်းခြေအနီး နေထိုင်ကြသော ပြည်သူများအား ယမန်နေ့ နေ့လည်ပိုင်းတွင် စိတ်ချရာ နေရာများသို့ ပြောင်းရွှေ့နေရာ ချထားခဲ့ကြောင်း သိရသည်။

ထိုသို့ ပြောင်းရွှေ့ နေရာချထားရာတွင် သက်ကြီးရွယ်အိုများ၊ နို့တိုက်မိခင်များနှင့် ကလေးသူ ငယ်များအား အန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် မြို့မရပ်ကွက်ရှိ ပြည်သူ(၁၂၀)ဦးအား မြို့ပေါ်ရပ်ကွက်ရှိ လုံခြုံစိတ်ချရသည့် နီးစပ်ရာဆွေး မျိုးများ အိမ်များသို့လည်းကောင်း၊  ရဟိုင်ကူးတို့ ကျေးရွာများရှိပင်လယ်ကမ်းခြေအနီး နေထိုင်ကြသော ပြည်သူများ(၂၁၀)ဦးအား ရဟိုင်ကူးတို့ကျေးရွာရှိ အ.ထ.က နှစ်ထပ်ကျောင်းဆောင်သို့ လည်းကောင်း ပြောင်းရွှေ့ နေရာချထားပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်