ပုဏ္ဏားကျွန်း မတ် ၂၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဇော်သန်းထွန်း ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေ ၄ နာရီက ပုဏ္ဏားကျွန်းမြို့ စက်မှုဇုံတိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်း၌ သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အဆင့်သင်ပြု လုပ်နိုင်ရန် မီးသတ်ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဇော်သန်းထွန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်လာပါက ရှောင်ရန်၊ ဆောင်ရန် အသိပညာပေး လုပ်ငန်းများအား ရှင်းလင်းပြောကြား ခဲ့ကြသည်။
ထို့နောက် မြို့နယ်မီးသတ် ဦးစီးဌာနမှ ဦးဇော်သန်းထွန်းဦးဆောင်သည့် တပ်ဖွဲ့ဝင်တို့က သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုက်ပွဲရှောင် ကယ်ဆယ်ရေး စခန်းနေ ပြည်သူများနှင့် ပူးပေါင်း၍ ဇာတ်တိုက် သရုပ်ပြ လေ့ကျင့်ခန်းများ ဆောင်ရွက်နေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးဇော်သိန်းနှင့် အဖွဲ့ဝင်တို့ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)