ဆီဆိုင် မတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ နွေရာသီရေရှားပါးကျေးရွာတွင် မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျေးလက်ရေပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း လေးဆယ်ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာအုပ်စု၊ ထီဆုံ(ပေါ်)ကျေးရွာတွင် ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၉.၀ သန်းဖြင့် ရေစက်ရုံ၊ ဂါလန်(၅၀၀၀)ဆန့် ရေစုကန် နှင့် တွင်းနက်ပေ(၄၀၀)တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ဆောင်ရွက်နေမှုများ ကို မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်၊ လက်ထောက်ညွှန်ကြားရေးမှူး-နည်းပညာက မတ် ၂၂ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင် ကျေးလက်ရေပေးရေးလုပ်ငန်းပြီးစီးပါက အိမ်ခြေ (၇၂)အိမ်၊ လူဦးရေ (၄၁၂)ဦးတို့ ရာသီမရွေး သန့်ရှင်းသည့် သောက်သုံးရေ ဖူလုံစွာရရှိတော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)