တနင်္သာရီ မတ်လ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယမန်နေ့က မြေပြင်လူဦးရေစာ ရင်းများ တိုက်ဆိုင်စစ်ဆေးမှု ရာနှုန်းပြည့် အချိန်မီ ပြီးစီးနိုင်ရေး ညှိနှိုင်းအစည်းဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဒုဦးစီးမှူး ဦးလင်းလင်းထွန်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဌာနဆိုင်ရာ ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှလူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများမှန်ကန်စေရေးတိုက် ဆိုင်စစ် ဆေးမှုကို သတ်မှတ်အချိန်မီပြီးစီးနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်အရ ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းနှင့် ကွန်ပျူတာတို့ဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဒုဦးစီးမှူး ဦးလင်းလင်းထွန်းတို့က လက်ရှိအိမ်ထောင်စုစာရင်းများ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြ ရာ မတ်လ(၂၃)ရက်နေ့မှစ၍ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးတွင် ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းနှင့် ကွန်ပျူတာ တို့ဖြင့် လူဦးရေစာရင်းများ မှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးမှုအား ပူးပေါင်းဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နန်းသာရီ-ထိန်ဝင်း