အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2025
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကော့မှူးမြို့နယ် လာဝတီကျေးရွာ နွေစပါးစံပြကွက်(၁၀၀)စိုက်ကွက်၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ Seeder ၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့် သွင်းအားစုများ၊ စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က လာဝတီကျေးရွာ နည်းပညာပြန့်ပွားရေးစခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 11,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 11,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့ အ.လ.က(၁)ကျောင်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်(၉) နာရီအချိန်က အ.လ.က(၁)ခန်းမတွင် ကျင်းပခဲ့​ပါသည်။
Jan 11,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း-ခွဲ(လေတပ်)တွင် ယနေ့နံနက်  ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
Jan 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော နွေစပါးစိုက်တောင်သူများအား သွင်းအားစုများ ဖြန့်ဝေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက လှည်းကူးမြို့နယ်၊ မုဆိုးညောင်ပင်ကျေးရွာ လျှပ်စစ်မြေရေတင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
Jan 11,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များ၊ အရာထမ်း၊အမှုထမ်း ဆရာ၊ဆရာမများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
Jan 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းဆင့် (Grade-5) သင်ကြားသင်ယူမှု ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်) ၌ ကျင်းပခဲ့သည်။