Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငဖဲမြို့နယ်၌ အခြေခံပညာမူလတန်းဆင့်နှင့်အလယ်တန်းဆင့် သင်ကြားသင်ယူမှုထိရောက်ရေး စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်
Jan 11,2025
မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏လမ်းညွှန်မှုဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးဝန်ထမ်းများအား သင်ကြားသင်ယူမှု စွမ်းရည်တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အလယ်တန်းအဆင့် (Grade-9) သင် ဆရာ/ဆရာမများအား ဘာသာရပ်အလိုက်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 11,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ရေဖြူမြို့၊ (က)ရပ်ကွက်ရှိ စည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဇာတ်တိုက်လေ့ကျင့်ခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်၌ အခြေခံပညာဦးစီးဌာန Grade-5 နှင့် Grade-9 ဆရာ/ဆရာမများ သင်ကြားသင်ယူမှု အရည်အသွေးမြှင့်ဆွေးနွေးပွဲသင်တန်း ဖွင့်လှစ်
Jan 11,2025
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် အခြေခံပညာဦးစီးဌာန၏ Grade-5 နှင့် Grade-9 ဆရာ/ဆရာမများ သင်ကြားသင်ယူမှု အရည်အသွေးမြှင့်ဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်ကျူရုံး(ကျေး)ကျောင်းသို့ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်
Jan 11,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီအချိန်က ပင်လုံမြို့ အမကကျူရုံး(ကျေး)ကျောင်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ် လွန်ကောင်းအ.ထ.က(ခွဲ)တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲ ကျင်းပ
Jan 11,2025
လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းအ.ထ.က(ခွဲ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်
Jan 11,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၏ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ် တပို့တွဲလဆန်း ၁၁ ရက်မှ လပြည့်ကျော် ၁ ရက်(ဖေဖော်ဝါရီ ၈ ရက် မှ ၁၃ ရက်ထိ)နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာနတွင် (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေး
Jan 11,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူပေါင်း၍ စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားသည့် "အညတြရ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
Jan 11,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1997
Page
1998
Page
1999
Page
2000
Current page
2001
Page
2002
Page
2003
Page
2004
Page
2005
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department