Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူဒါန်းပွဲပြုလုပ်
Jan 12,2025
၂၀၂၅ ခုနှစ် နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ၊ ရေစက်ချအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူဒါန်းပွဲကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရားရင်ပြင်တော်တွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် သိက္ခာထပ်မင်္ဂလာနှင့် ဝိဇာတမင်္ဂလာ ဆင်ယင်ကျင်းပ
Jan 12,2025
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးစေတီတော်(၁၃)ဆူတို့၏ သြဝါဒါစရိယ၊ တိပိဋကာလင်္ကာရ ပရိယတ္တိစာသင်တိုက်ဦးစီးပဓာန နာယက၊ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ၏ သိက္ခာထပ်မင်္ဂလာနှင့် (၇၁)နှစ်ပြည့် ဝိဇာတမင်္ဂလာကို ယနေ့နံနက် ၉ နာရီက သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ သလ္လာဝတီလမ်းမကြီးရှိ တိပိဋကာလင်္ကာရစာသင်တိုက်(၁၀၈-တောင်စေတီတော်အနီး)တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ပြေမာန်ပြေဘုရားကြီး ပူဇော်ကန်တော့ပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇော်ပွဲ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက်ရောက်ပူဇော်
Jan 12,2025
စစ်တွေမြို့၊ ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ ရန်ပြေမာန်ပြေဘုရားကြီး ပူဇော်ကန်တော့ပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇော်ပွဲကို ယနေ့နံနက် ပိုင်းကရန်ပြေမာန် ပြေဘုရားကြီးရင်ပြင်တော်၌ကျင်းပရာ မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော်ကြီးနှင့် ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ပူဇော်ကြ သည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲ တော်ကျင်းပ
Jan 12,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗထူးမိုးလုံလေလုံအားကစားရုံတွင် လက်မောင်းလှဲပြိုင်ပွဲ ကျင်းပ
Jan 12,2025
မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မေမေဂျယ်လီအချိုရည်နှင့် KLK Armwrestling Myanmar တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လက်မောင်းလှဲပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀၊ ၇၀/၇၁ လမ်းကြားရှိ ဗထူးမိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်
Jan 12,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ခေတ္တအုပ်ချုပ်ရေးမှူးဦးစောညီညီထွေး၊ တိုင်းစည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးဦးမြင့်လွင်တို့ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်မိုးဦးနှင့်ဝန်ထမ်းများ၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီအဖွဲ့ဝင်များ၊ ဈေးသူ၊ ဈေးသားများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပဲခူးမြို့မစျေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက် လောကတက္ကသိုလ် စာကြည့်တိုက်အဆောက် အအုံသစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်
Jan 12,2025
စာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာဗဟု သုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်ရှိ လောကတက္ကသိုလ် စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့ ရွှေရေးဆောင်ကျောင်းတိုက်တွင် (၆၅)ကြိမ်မြောက် ဓမ္မနုဂ္ဂဟစာမေးပွဲကျင်းပ
Jan 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ရေကြည်မြို့နယ်လုံးဆိုင်ရာ သုဓမ္မသံဃအဖွဲ့ကြီးမှ ကြီးမှူးကျင်းပသော (၆၅)ကြိမ်မြောက် ဓမ္မနုဂ္ဂဟစာမေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ရွှေရေးဆောင်ကျောင်းတိုက် သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဖြေဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1994
Page
1995
Page
1996
Page
1997
Current page
1998
Page
1999
Page
2000
Page
2001
Page
2002
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department