သရက်ချောင်းမြို့နယ်၌ အသက် ၅ နှစ်အောက် ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

သရက်ချောင်း ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀နာရီခွဲအချိန်က အသက် ၅ နှစ်အောက် ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက အသက် ၅ နှစ်အောက် ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်လိုသည်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက အသက် ၅ နှစ်အောက် ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်ရန် ကာကွယ်ဆေးထိုးနှံမည့်နေ့ရက်၊ သတ်မှတ်နေရာ၊ ကာကွယ်ဆေးအမျိုးအစားအလိုက် ထိုးနှံမည့် ပြည်သူများနှင့် ကလေးသူငယ်များအား စာရင်းကြိုတင် ပြုစုထားရန်နှင့် လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးကြရာ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့‌ အတွင်းရေးမှူး ရဲမှူးထွန်းအောင်ကျော်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)