အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကော့ကရိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လှိုင်ဝ ကေသီရိခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
Jan 11,2025
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ကျောင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၀ ရက်က အ.ထ.က(ခွဲ)ကြာဘက်ကုန်းတွင် ပြုလုပ်ကြောင်း သိရသည်။
Jan 11,2025
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့  အ‌ခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်”သီချင်းဖြင့်  အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Jan 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်း၊ စာအုပ်စာစောင်များငှားရမ်းခြင်းများကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၂၉)အခြေခံပညာမူလတန်းကျောင်း၌ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။
Jan 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တ​ထောင်ခရိုင်၊ သာ​​ကေတမြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၇)နာရီအချိန်၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ရာ ဗိုလ်တထောင်ခရိုင် ပညာရေးမှူးဒေါက်တာခင်သူဇာစိန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်နှင့် မြို့နယ်ရှိအခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Jan 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး) အနော်ရထာခန်းမ၌ကျင်းပသည်။
Jan 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ယမန်နေ့ နံနက်(၉)နာရီ၌ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁) အားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
Jan 11,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က သောင်လယ်ကျေးရွာ အခြေခံပညာမူလတန်း(လွန်) မဒေါက်ကလေးကျောင်းတွင်  ပြုလုပ်ကျင်းပခဲ့သည်။