လဲချားမြို့ အ.လ.က(၁)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

လဲချား ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့ အ.လ.က(၁)ကျောင်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်(၉) နာရီအချိန်က အ.လ.က(၁)ခန်းမတွင် ကျင်းပခဲ့​ပါသည်။

အခမ်းအနားကို ကျောင်းသား/သူလေးများမှ “ပညာရေး” တေးသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြမြစန်းမှ ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ကျောင်းလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ဆုနှင့် ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား မိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)