လှည်းကူး ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော နွေစပါးစိုက်တောင်သူများအား သွင်းအားစုများ ဖြန့်ဝေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက လှည်းကူးမြို့နယ်၊ မုဆိုးညောင်ပင်ကျေးရွာ လျှပ်စစ်မြေရေတင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်မက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်လာစေရန်အတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်လာရေးအတွက် ထုတ်ကုန်များတိုးတက်ထုတ်လုပ်နိုင်ရေး တောင်သူများ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးမြို့နယ်အဆင့် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် ကျေးရွာပေါင်း(၁၇)ရွာမှ ဧကပေါင်း(၇၃၀၀)ဧက အတွက် ငွေကျပ်သိန်းပေါင်း (၁၄၆၀၀)နှင့် ညီမျှသော သွင်းအားစုများကို တောင်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)