ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်ပေး

ပုလော ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စာပေကိုချစ်မြတ်နိုးသည့် စာဖတ်ဝါသနာပါသူများ၊ စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သူများကို စာပေလေ့လာဖတ်ရှုနိုင်စေရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ စာဖတ်ပရိသတ် လက်ဝယ်အရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

အေးအေးမော်(ပုလော)