ပေါင်းတည်၌ အ​ခြေခံပညာမူလတန်းဆင့် (Grade-5) သင်ကြားသင်ယူမှု ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ

ပေါင်းတည် ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းဆင့် (Grade-5) သင်ကြားသင်ယူမှု ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်) ၌ ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို အခြေခံပညာမူလတန်းဆင့် (Grade-5) သင်ကြားသင်ယူမှု စွမ်းရည်မြှင့်တင်ရေးအတွက် ဖွင့်လှစ်ပို့ချဆွေးနွေးကြခြင်းဖြစ်ကြောင်းသိရပြီး ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ အပါအဝင် မူလတန်းပြဆရာ၊ ဆရာမများတက်ရောက်ကြကြောင်း သိရသည်။

ထိုဆွေးနွေးပွဲများ၌ မူလတန်းကျောင်းအုပ် ဆရာ၊ ဆရာမကြီး ၅၆ ဦးက ဦးဆောင်ဆွေးနွေးကြမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူ မူလတန်းပြ ဆရာ၊ ဆရာမ ၈၁၆ ဦး တက်ရောက်ကြကြောင်း၊ ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၀ ရက်မှ ၁၃ ရက်အထိ ၄ ရက်တာ ဖွင့်လှစ်ပို့ချဆွေးနွေးကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရွှေသား (ပြန်/ဆက်)