ကော့မှူးတွင် သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကော့မှူး ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကော့မှူးမြို့နယ် လာဝတီကျေးရွာ နွေစပါးစံပြကွက်(၁၀၀)စိုက်ကွက်၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ Seeder ၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့် သွင်းအားစုများ၊ စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က လာဝတီကျေးရွာ နည်းပညာပြန့်ပွားရေးစခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ နွေစပါးစိုက်ပျိုးသော တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများနှင့် သွင်းအားစုဓာတ်မြေဩဇာများကို တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် တာဝန်ရှိသူများက တောင်သူများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် လာဝတီကျေးရွာ နွေစပါးစံပြကွက် ဧက(၁၀၀)စိုက်ကွက်အတွင်း တိုက်ရိုက်မျိုးစေ့ချကိရိယာ Seeder နှင်ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းများနှင့် ရေရရှိမှုအခြေအနေများကို တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ