Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိတ္ထီလာ (မြောက်) ကန် ရေသောက်စနစ်ဖြင့် နွေစပါးများ စိုက်ပျိုးနိုင်ရေး ပျိုးထောင်ရေများ စတင် လွှတ်ပေးလျက်ရှိ
Feb 18,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ(မြောက်)ကန် ရေသောက်စနစ်ဖြင့် နွေစပါးများ စိုက်ပျိုးနိုင်ရေး ပျိုးထောင်ရေများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစတင်၍ လွှတ်ပေးလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ် ရုံးပင်ကုန်းကျေးရွာတွင် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေး စက်ရေတွင်း တူးဖော်ခြင်းနှင့် ရေစုကန်၊ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများ ဆော…
Feb 18,2022
မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ရုံးပင်ကုန်းကျေးရွာတွင် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေး ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၁၇ သန်း ကျော်ဖြင့် စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေစုကန်၊ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်တွင် Mask Campaign နှင့် အိုမီခရွန်ရောဂါပိုး ကာကွယ်ရေး အသိပညာပေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Feb 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပိုးတွေ့မှုရှိလာသဖြင့်ပြည်သူများ အိုမီခရွန်ရောဂါ ပိုးကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့မှ Mask Campaignနှင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက စျေးရောင်းစျေးဝယ်များ စည်ကားသည့် စျေးအတွင်းနှင့် လမ်းမတန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့၌ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်
Feb 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေးလှုပ်ရှားမှု (Mask-Campaign)ကို ယနေ့နံနက် ၈နာရီက လူစည်ကားရာ (အ.ထ.က)ငွေဆောင်ကျောင်းလမ်းဆုံ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ပဇ္ဇောတာရုံ(တိုက်သစ်) ကျောင်းတိုက်သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း
Feb 18,2022
ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ ပရိယတ္တိစာသင်တိုက်များသို့ ဆွန်းဆန်တော်များ လစဉ် ဆက်ကပ်လှူဒါန်းလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြောင်းမြမြို့ ပဇ္ဇောတာရုံ (တိုက်သစ်ကျောင်းတိုက်ရှိ ဆရာတော်နှင့် သံဃာတော်အပါး(၄၀)အတွက် ဆွမ်းဆန်တော်များကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ က သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ် ယန်းလုံကျေးရွာအဝင်တိုးချဲ့မြေသားလမ်းဖောက်လုပ်လှူဒါန်း
Feb 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဝပ်ဆောင်းကျေးရွာ၊ ယန်းလုံကျေးရွာ အဝင်လမ်းအား စိုင်းရွက်ကမ္ပဏီမှ ငွေကျပ် သိန်း ၁၅၀ အကုန်အကျခံ လှူဒါန်းသည့် ကျေးရွာအဝင် တိုးချဲ့မြေသားလမ်း ဖွင့်ပွဲကို ယမန်နေ့က အဆိုပါ ရွာအဝင်လမ်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံ
Feb 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုပဲ သိရပါသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာ ကျောင်းများသို့ နှာခေါင်းစည်းနှင့် လက်သန့် ဆေးရည်များလှူဒါန်း
Feb 18,2022
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီတို့မှ ပူပေါင်း၍ အခြေခံပညာ ကျောင်းများသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များကို ယမန်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18729
Page
18730
Page
18731
Page
18732
Current page
18733
Page
18734
Page
18735
Page
18736
Page
18737
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department