အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဆောင်ရွက်‌နေသည့် ဝန်ထမ်းအိမ်ယာနှင့် အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်းများ ပြည့်မှီစွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့က ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Feb 16,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ဂျွန်းထောင်ကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များ၊ သရက်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများမှ ယမန်နေ့ နေ့လယ် ၃ နာရီက ထောက်ပံ့ငွေနှင့် ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Feb 16,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်ငှားရမ်းပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ်၁၂နာရီအချိန်ကရမ်းဗြဲမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်း၊ လောင်းချောင်းသို့ သွားရောက်ပြီး ကျောင်းသား/ ကျောင်းသူ ကလေးငယ်များ စာအုပ်စာပေများနှင့်နီးစပ်ထိတွေ့၍ စာအုပ် စာပေများကို ဖတ်ရှု လေ့လာတတ်သည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရေးကို ရည်ရွယ်လျက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါသည်။
Feb 16,2022
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကုက္ကိုကွကျေးရွာအုပ်စု၊ ကုက္ကိုလ်ကွကျေးရွာတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရေး အသိပညာပေးဆွေးနွေးခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Feb 16,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဇန်နဝါရီလ (၁၇)ရက်နှင့် (၁၈)ရက်နေ့များတွင် (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသည့် Phase-5နှင့် Phase-6 တို့မှ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံရန်အတွက် ဂွမြို့ သာသနာ့ဗိမာန်၊ ပိန္နဲကုန်းဘုန်းတော်ကြီးကျောင်းနှင့် ကျိန္တလီ ထွေ/အုပ် ခန်းမတို့တွင် ယမန်နေ့က စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 16,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ (၇၅)ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့အခမ်းအနားကို တံတားဦးကျေးရွာအုပ်စု၊ ဒင်္ဂါးဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ယနေ့ နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အကျဉ်းချုံ့၍ ကျင်းပခဲ့ကြောင်း သိရသည်။