ငွေဆောင် ဖေဖေါ်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေးလှုပ်ရှားမှု (Mask-Campaign)ကို ယနေ့နံနက် ၈နာရီက လူစည်ကားရာ (အ.ထ.က)ငွေဆောင်ကျောင်းလမ်းဆုံ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ငွေဆောင်မြို့၊ အုပ်ချုပ်ရေးမှူးဦးသိန်းဇော်မှ ဦးဆောင်ကာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဒေသခံပြည်သူများအား မြန်မာနိုင်ငံတွင် အိုမီခရွန်ကူးစက်မှုများရှိနေပြီး ဖြစ်၍ငွေဆောင်မြို့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်နေသူများ ရှိနေ၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါကနှာခေါင်းစည်းများကို စနစ်တကျတပ် ဆင်သွားလာကြရန်၊ အရာဝတ္တုတစ်ခုကို ကိုက်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေး ကြောကြရန်၊ နှာခေါင်း ပါးစပ် မျက်စိတို့ကိုပွတ်သပ်ခြင်းထိတွေ့ခြင်းမပြုလုပ်ကြရန်၊ ပြည်သူများတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက်ခံယူကြရန်အသိပညာပေး၍ နှာခေါင်းစည်း Mask အခု (၁၀၀၀) အားအခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
မူမူ(ငွေဆောင်)