အိမ်မဲ ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီတို့မှ ပူပေါင်း၍ အခြေခံပညာ ကျောင်းများသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များကို ယမန်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုတွင် အိမ်မဲမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ အဖွဲ့(၅)ဖွဲ့ခွဲ၍ အခြေခံပညာကျောင်း(၂၀)အား နှာခေါင်းစည်း ၈၀၀၀ ခုနှင့် လက်သန့်ဆေးရည်ဗူး ၉၀ တို့အား ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)