အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ စမ်း ချောင်း မြို့နယ်၌လတ်တလောတွင် အိုမီခရွန်ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိ များပြားလာသဖြင့်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၀၈း၀ဝ နာရီအချိန်က စမ်းချောင်းမြို့နယ် ကျွန်း​တော မြောက်ရပ်ကွက် ရှမ်းလမ်းစျေးအတွင်း လူစည်ကား​ရာ​နေရာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲနှင့် စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့တို့မှ ဦးဆောင်၍ဒေသခံ  ပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးလိုက်နာကြရန်နှင့် နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Feb 16,2022
ချင်းပြည်နယ်၊ ဟားခါးခရိုင် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယမန်နေ့ ရက်နေ့ မွန်းတည့် ၁၂ နာရီက ကလေးများ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်သည်။
Feb 16,2022
ကရင်ပြည်နယ်၊  ဖာပွန်ခရိုင်၊  ကမမောင်းမြို့တွင်  ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်မင်းစိုးရေးသားထားသော လူငယ်နဲ့ အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးအကြောင်းကို ပြည်သူများ သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Feb 16,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၌ ရန်ကုန်မြို့​တော် စည်ပင်သာယာ​​ရေး​ကော်မတီ၊ မြို့ပြနှင့်ပတ်ဝန်းကျင် ထိန်းသိမ်း​ရေးနှင့်သန့်ရှင်း​ရေးဌာန စု​ပေါင်း၍ (ထမနဲ) (နှမ်းမနဲ) ထိုးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၇)ရပ်ကွက်ရှိ စည်ပင်သာယာ ဝန်ထမ်များအိမ်ရာ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။
Feb 16,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covid Shield) ဆမအသုတ် ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်၉နာရီအချိန်မှ ညနေ့ (၃)နာရီအချိန်ထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ ဆေးထိုးစုရပ်၌အသက်(၁၈)နှစ်အထက် ပြည်သူများအား ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက  ကျင်းပခဲ့သည်။
Feb 16,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဗြဟ္မစိုရ်လူမှုကူညီးရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။