ကျိုင်းတုံမြို့နယ် ယန်းလုံကျေးရွာအဝင်တိုးချဲ့မြေသားလမ်းဖောက်လုပ်လှူဒါန်း

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဝပ်ဆောင်းကျေးရွာ၊ ယန်းလုံကျေးရွာ အဝင်လမ်းအား စိုင်းရွက်ကမ္ပဏီမှ ငွေကျပ် သိန်း ၁၅၀ အကုန်အကျခံ လှူဒါန်းသည့် ကျေးရွာအဝင် တိုးချဲ့မြေသားလမ်း ဖွင့်ပွဲကို ယမန်နေ့က အဆိုပါ ရွာအဝင်လမ်းတွင် ကျင်းပသည်။

ရှေးဦးစွာ ယန်းလုံကျေးရွာအဝင် မြေသားတိုးချဲ့လမ်းအား  အလှူရှင်ဦးစိုင်းရွက်နှင့် မိသားစုဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး ကျေးရွာအဝင် လမ်းဖွင့်ပွဲ တွင် အလှူရှင်   စိုင်းရွက် ကုမ္ပဏီပိုင်ရှင် ဦးစိုင်းရွက်က မြေသားလမ်းဖောက်လုပ်လှူဒါန်းရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး လမ်းဖွင့်ပွဲတက်ရောက်လာကြ သည့် ဧည့်ပရိတ်သတ်များနှင့် ကျေးရွာသူ၊ ကျေးရွာသား များအား ရှမ်းခေါက်ဆွဲ၊ ကောက်ညင်းပေါင်း၊ အချိုပွဲများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

ယန်းလုံကျေးရွာ အဝင်လမ်းအားအား စိုင်းရွက်ကုမ္ပဏီမှ အရှည်ပေ ၁၀၀၀၊ အနံ ၆ ပေ၊ အမြင့် ၅ ပေခန့် တိုးချဲ့လမ်းခင်းလှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ယခင်က အဆိုပါလမ်းသည် လမ်းကျဉ်းမြောင်း၍ သွားလာရ ခက်ခဲပြီး၊ ယခုအခါ ၆ ပေတိုးချဲ့ လိုက်သည့် အတွက် အကျယ် ၁၂ ပေခန့်ရှိလာ၍ ကျေးရွာကုန်ထုတ် လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ ယခင်ထက် ပိုမိုအဆင်ပြေချောမွေ့လာကြောင်းနှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်ကြောင်း ကျေးရွာသူ၊ ကျေးရွာသားများ ထံမှ ဝမ်းမြောက်ဖွယ်ကြား သိခဲ့ရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)