ဝမ်းတွင်းမြို့နယ် ရုံးပင်ကုန်းကျေးရွာတွင် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေး စက်ရေတွင်း တူးဖော်ခြင်းနှင့် ရေစုကန်၊ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မိတ္ထီလာ ဖေဖော်ဝါရီ ၁၈

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ရုံးပင်ကုန်းကျေးရွာတွင် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေး ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ()လတွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ်   ၁၇ သန်း ကျော်ဖြင့် စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေစုကန်၊ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဝမ်းတွင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ကျေးလက်ရေရှိရေး လုပ်ငန်းများဖြစ်သည့် စက်ရေတွင်း တူးဖော်ခြင်း၊ ရေစင် တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ပိုက်လိုင်း သွယ်တန်းခြင်း၊ ပန့်တပ်ဆင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ()လတွင် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေကျပ် ၁၇.၆၄၂ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Triple thar Co;Ltdမှ တာဝန်ယူပြီး   ရုံးပင်ကုန်းကျေးရွာတို့တွင် အကျယ် လက်မ အနက် ပေ ၄၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ အကျယ် ပေ ပတ်လည် အမြင့် ပေရှိ ရေစင်တည်ဆောက်ခြင်း၊ ဂါလံ ၅၀၀၀ဆံ့ ရေစုကန် တည်ဆောက်ခြင်းနှင့် ပါဝါမီတာတပ်ဆင်ခြင်း လုပ်ငန်းများကို နိုဝင်ဘာလမှ စတင်ဆောင်ရွက်လျက်ရှိ ယခုဆိုလျှင် ၎င်းကျေးလက် ရေ ရရှိရေးလုပ်ငန်းမှာ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးလက်ရေရရှိရေး လုပ်ငန်းများ ပြီးစီးပါက ရုံးပင်ကုန်းကျေးရွာရှိ အိမ်ခြေ ၁၁၈ ၊ လူဦးရေ ၆၂၆ ဦးနှင့် ၎င်းတို့မွေးမြူထားသော တိရစ္ဆာန်များမှာ ရာသီမရွေး သောက်သုံးရေ အဆင်ပြေတော့မည် ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)