Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Feb 16,2022
ဧရာဝတီဝတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်)ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရွှေခယ်သီရိ အားကစားခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိန္တလီမြို့ သီရိမင်္ဂလာမဟာဝိဟာရကျောင်းတိုက်အတွင်း သီရိမင်္ဂလာဆုတောင်းပြည့် စေတီတော်အုတ်မြစ်ချမင်္ဂလာအခမ်းအနားကျင်းပ
Feb 16,2022
ကျိန္တလီမြို့ သီရိမင်္ဂလာမဟာဝိဟာရကျောင်းတိုက်အတွင်း သီရိမင်္ဂလာဆုတောင်းပြည့်စေတီတော် အုတ်မြစ်ချမင်္ဂလာအခမ်းအနားကျင်းပခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျိန္တလီမြို့၊ အမှတ် (၃) ရပ်ကွက် သီရိမင်္ဂလာမဟာဝိဟာရကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား အားကစားအဖြစ် Myanmar Fitness Dance အကသင်ကြားခြင်းများ ဆောင်ရွက်
Feb 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ကာ အားကစားကို စိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် Myanmar Fitness Dance အကများ လေ့ကျင့်သင်ကြားပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့၌ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဝင်လုံးချောင်း သံကူကွန်ကရစ်တံတား တည်ဆောက်မှု (၈၀)ရာခိုင်နှုန်းပြီးစီး
Feb 16,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၊ မြို့ရိုးတောင်ဝင်းလုံချောင်း၊ သံကူကွန်ကရစ် တံတားတည်ဆောက်ရာ၌ လယ်တော ကြီး ကျောင်းဆရာတော်၊ ရွာလုံးတောင်ကျောင်း ဆရာတော်တို့မှ ဦးဆောင်ပြီး အများတကာကောင်းမှု ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ နေ့စဉ်ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်…
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ်ဝန်ထမ်းများက ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၌ (၇၅)ကြိမ်မြောက် စိန်ရတု ပရိယတ္တိစာပြန်ပွဲတော်နှင့်ဓမ္မစကြာရွတ်ဆိုပူဇော်ပွဲ ဓမ္မပူဇာ၊ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
Feb 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သာသနာ့ဝေပုလ္လအသင်းကြီး၏ (၇၅)ကြိမ်မြောက် ပရိယတ္တိစာပြန်ပွဲတော်နှင့်ဓမ္မစကြာရွတ်ဆိုပူဇော်ပွဲ၊ ဓမ္မပူဇာ ဆက်လက်လှူဒါန်းပွဲ လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နေ့လည်(၁)နာရီ အချိန်က ကော့ဝန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်
Feb 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (omicrin) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ် နိုင်ရန်နှင့် ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့၊ ဟိုနောင်ကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၈)နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIEID )ကို ထိုးနှံပေး
Feb 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသော ဟိုနောင်ကျေးရွာ အုပ်စုအတွင်းရှိ အသက် (၁၈)နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIEID)ကို ယနေ့ နံနက် (၉)နာရီ အချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18727
Page
18728
Page
18729
Page
18730
Current page
18731
Page
18732
Page
18733
Page
18734
Page
18735
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department