Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြစ်သားမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး
Feb 16,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ် တစ်မျိုးမျိုး ထုတ်ပေးနိုင် ရေးအတွက် မေလ(၃)ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၉)နာရီက ကျီတိုင်ကျေးရွာအုပ်စုအတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက် ပေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊သ င်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စုများသို့ ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်း
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဃ)ရပ်ကွက်၊ ယုဇနလမ်း သွယ်၊ ဖေဖော်ဝါရီ(၁၁)ရက်နေ့ တွင်အမှတ် (၁၉၅/က)နေအိမ်၌ မီးစတင်လောင်ကျွမ်းခဲ့ရာ အိမ်ခြေ (၂)လုံး၊ တစ်စိတ်တစ်ပိုင်းလောင်အိမ်ခြေ (၂)လုံးနှင့် ကြိုတင်ဖျက်အိမ်ခြေ (၂)လုံး၊ စုစုပေါင်း အိမ်ခြေ (၆)လုံး၊ အိမ်ထောင်စု (၆)စု၊ လူဦးရေ ကျား (၁၈)ဦး၊ မ (၁၇)ဦး၊ စုစုပေါင်း (၃၅)ဦးကို ယမန်နေ့၊ နံနက် ၉နာရီ ခွဲအချိန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန သဘာဝဘေးစီမံခန့်ခွဲမှုဌာနမှ အစားအသောက်၊ ဆေးဝါးနှင့် အခြေခံလူသုံးကုန်ပစ္စည်း များအား ကာယကံရှင်များ၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး အသိပညာပေးဆွေးနွေးပွဲကျင်းပ
Feb 16,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံး နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Feb 16,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များ ကို ယနေ့ နံနက်ပိုင်း ကမဲကုန်းရပ်ကွက်၊ အုန်းပင်ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စိုက်ခင်းဧက(၈၅)ဧကနှင့် စိမ်းလန်းစိုပြေရေးအတွက်ပျိုးပင်(၁၃၉၀၀)ပင်စိုက်ပျိုးသွားမ…
Feb 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစိမ်းလန်းစိုပြေရေး၊ မြေအောက်ရေ ထိန်းသိမ်းရေး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေသာယာလှပစေရေးနှင့် ရာသီဉတုမျှတ ကောင်းမွန်လာစေ ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မြို့နယ်အပူပိုင်း စိမ်းလန်းစိုပြေ ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စိုက်ခင်းဧက(၈၅)ဧကနှင့် စိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်(၁၃၉၀၀)ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး မြေစိုက်ဘုတ် စိုက်ထူခြင်းနှင့် (Mask Campaign) ဆောင်ရွက်
Feb 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ မြို့အဝင် ပုသိမ်-မုံရွာ လမ်းမကြီးလမ်းဆုံတွင် ယနေ့ နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်တို့ ဦးဆောင်သော ဌာနဆိုင်ရာများ၊ နယ်မြေရဲတပ်ဖွဲ့စခန်းမှ ပူးပေါင်းအဖွဲ့က အဆိုပါလမ်းဆုံတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး မြေစိုက်ဘုတ် စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့ ပြည်လုံးချမ်းသာစေတီတော်ရောင်တော်ဖွင့်ခြင်းနှင့် ဆီးမီးတစ်ထောင်ဆပ်ကပ်လှူဒါန်း
Feb 16,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မင်းအိုကြီး သာသနာ့နယ်မြေအတွင်းရှိ ပြည်လုံးချမ်းသာစေတီတော်၌ ဒေသအတွင်းရှိပြည်သူများစုပေါင်း၍ ယမန်နေ့ည ၇ နာရီ အချိန်တွင် ရောင်တော်ဖွင့်ခြင်းနှင့် ဆီမီးတစ်ထောင်ဆပ်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မီးဘေးသင့်ပြည်သူများအား အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကျင်းပ
Feb 16,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ စကြာနွယ်စဥ်ရပ်ကွက် မီးဘေး သင့်ပြည်သူများအား အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်း (၃)နာရီက အဆိုပါရပ်ကွက်ရှိ ဆူးလေဗလီဝန်းအတွင်း ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18726
Page
18727
Page
18728
Page
18729
Current page
18730
Page
18731
Page
18732
Page
18733
Page
18734
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department