မိုင်းလုံ ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုပဲ သိရပါသည်။
ကျွန်မကတော့ ဒေါ်နန်းစန်းရီဖြစ်ပါတယ်။ အသက်က(၅၀)နှစ်ရှိပြီး၊ အထက်ရပ်ကွက်တွင် နေထိုင် ပါတယ်။ ဟင်းသီးဟင်းရွက်ရောင်းသည့် ဈေးသည်ဖြစ်ပါတယ်။ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးသည့်အချိန်တွင် သွားရောက်ထိုးနှံဖြစ်ခဲ့ပါတယ်။ ဈေးရောင်းတယ် ဆိုတော့ လူအများနဲ့နေ့စဉ် ပြောဆိုဆက်ဆံနေရတော့ ကာကွယ်ဆေးထိုးထားဖို့ လိုအပ်တာပေါ့။ ကာကွယ်ဆေး ထိုးနှံပြီးတော့ ဖျားလည်းမဖျား ကိုက်ခဲမှုလည်းမရှိပါဘူး။ ကျွန်မတို့ ကာကွယ်ဆေး ထိုးနှံဖို့ ဘာလို့ပိုလိုအပ်လဲဆိုရင် တစ်ခါတလေ ဟင်းသီးဟင်းရွက်တွေကို ထမ်းပြီး မြို့တွင်း လှည့်ရောင်းရသော အချိန်လည်းရှိသောကြောင့် ကိုယ်ကြောင့် တစ်ပါးသူကို ရောဂါကူးစက်မှုမရှိစေရန် ထိုးခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားပါက အများအတွက်လည်း အဆင်ပြေသလို၊ ကိုယ်တိုင်လည်း ရောဂါကူးစက်နိုင်မှုမှ ကာကွယ် နိုင်တဲ့အတွက် လူတိုင်းကာကွယ်ဆေး ထိုးနှံကြပါလို့ တိုက်တွန်းချင်ပါတယ်။ အခုလိုအခမဲ့ ထိုးနှံပေးခြင်းကြောင့် ငွေကုန်ကြေးကျမရှိလို့ အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း သွားရောက်ထိုးနှံသင့်တယ်လို့ ပြောချင်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးသော ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတအသင်းနှင့် တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဇော်ဇော် (ပြန်/ဆက်)