လွိုင်​ကော်မြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၅၀)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးလျက်ရှိ

လွိုင်ကော်  ဖေဖော်ဝါရီ ၂၁

ကယားပြည်နယ်၊ လွိုင်ကော်​မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသော နိုင်ငံ့ဝန်ထမ်းများနှင့် အသက် (၅၀)နှစ်နှင့်အထက် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံပေးခြင်းကို  ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစတင်၍ လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး ဆေးထိုးစုရပ်၌ တတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ​​​ကယားပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှု​ဖြင့် ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များက ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသော နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၅၀)နှစ်နှင့် အထက် ပြည်သူများအားစာရင်း မှတ်တမ်းများကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေးကိုထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် (၃၀)ခန့် အနားယူစေပြီးမှ ​ပြန်လည်သွားခွင့်ပြုခြင်းနှင့် ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster Dose)ထိုးနှံရာတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၅၀)နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များအညီ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)