ဝါးခယ်မ ဖေဖော်ဝါရီ ၂၁
ဧရာဝတီဝတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ရွှေခယ်သီရိ အားကစားခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေး မထိုးနှံရပြည်သူ (၁၀၀)ဦးနှင့် (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူပြည်သူ (၄၀၀) ဦးတို့အား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူများအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောသန္တာဦး