အမြို့မြို့အနယ်နယ်သတင်းများ

Feb 17,2022
စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှကြီးမှူး၍ စားသုံးသူကာကွယ်ရေး အသိပညာ ပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 17,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(ပင်လုံ)၌ တောင်သူများအား မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျောင်အုပ်ကြီးရုံးခန်းတွင် ကျင်းပသည်။
Feb 17,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်/ကောလိပ်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ ပြည်သူလူထုများ၊ NGOs အဖွဲ့အစည်းများနှင့် ကျေးရွာသူ၊ ကျေးရွာသားများအား ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန် နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူများက ရမ်းဗြဲမြို့နယ်ရှိ  အခြေခံပညာကျောင်းများသို့ သွားရောက်၍ အသိပညာပေးများ ဟောပြောခဲ့ကြောင်း သိရသည်။
Feb 17,2022
မွန်ပြည်နယ်၊ ​မော်လမြိုင်ခရိုင်၊ ​ရေးမြို့နယ်တွင် (၇၅)နှစ်​မြောက် စိန်ရတုမွန်အမျိုးသား​နေ့ အလံတင်အခမ်းအနားကို အံဒင်​ကျေးရွာအုပ်စု   နှီးနူ​ကျေးရွာဘုရားကွင်း၌ ယ​မန်နေ့နံနက် ၆ နာရီက ကျင်းပခဲ့ကြသည်။
Feb 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကို ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိစေရေး ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေးနှိုးဆော်ကြေညာခြင်းကို‌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးဆောင်ရွက်ခဲ့သည်။
Feb 17,2022
(၇၅)နှစ်​မြောက်  စိန်ရတုမွန်အမျိုးသားနေ့ အခမ်းအနားကို၊  မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မွန်ဓမ္မာရုံကြီးတွင် ယ​မန်နေ့နံနက် ၇ နာရီက ကိုဗစ်-၁၉​ရောဂါကာကွယ်​​ရေး စည်းမျဉ်းများနှင့်အညီ ကျင်းပသည်။​
Feb 17,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း ၍ စာရေးဆရာ အောင်သင်း ရေးသားသည့် “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 17,2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အသက်(၁၈)နှစ်အထက်ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆဋ္ဌမအသုတ် ဒုတိယအကြိမ်နှင့် ထပ်ဆောင်း Booster Dose အား ယမန်နေ့နံနက်ပိုင်းက သတ်မှတ်စုရပ်အသီးသီး၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။