ပုသိမ် ဖေဖော်ဝါရီ ၂၁
ပုသိမ်မြို့နယ်၊ ကိုဗစ်ကော်မတီသည် မျိုးရိုးဗီဇပြောင်းရောဂါစောင့်ကြည့်ခြင်းလုပ်ငန်းများအား စဉ် ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ယနေ့မွန်းလွဲပိုင်းအချိန်က ပုသိမ်မြို့နယ် ကိုဗစ်ကော်မတီဝင်များ ဖြစ်ကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကြက်ခြေနီ မီးသတ်အစရှိသော အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းပွဲကို ပုသိမ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြက်တိုစုပေါင်းရုံးအစည်းဝေးခန်းမ၌ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲကို အပတ်စဉ် တနင်္လာနေ့ရောက်တိုင်း ဆောင်ရွက်လျက်ရှိကြောင်းလဲသိရသည်။ ရှေးဦး စွာပုသိမ်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုမှ အမှာစကား ပြောကြားရာတွင် ရောဂါစစ်ဆေးခြင်းများနှင့် ပတ်သက်၍ တိကျခိုင်လုံမှု ရှိစေရေးအတွက် ကွန်ပျူတာများ တပ်ဆင်သုံးစွဲစစ်ဆေးသွားကြရေး Mask Campaign များလူစည်ကားရာ ရပ်ကွက်များတွင် ပြုလုပ်နိုင်ရေး အဖွဲ့များဖွဲ့၍ အလှည့်ကျဆောင်ရွက်၍ မှတ်တမ်းများထားရှိရေး၊ စားသောက်ဆိုင်များ စနှစ်တကျရောင်းချရေး၊ စည်ပင်စျေး၊ ဘုရား၊ စသည့်နေရာများတွင် ဆောင်ရွက်ရန်၊ ဆေးထိုးခြင်းလုပ်ငန်းကို အပြီးသတ်ဆောင်ရွက်မှု မှတ်တမ်းများ စနစ်တကျ ထားရှိရေးတို့ကို ပြောကြားသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေသန်းမှ ကူးဆက်မှုများကာကွယ်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီးအဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းမင်းမှ ပုသိမ် မြို့အဝင် ကိုးဆူစစ်ဆေးရေးဂိတ်တွင် မြို့အဝင်ကားများ စစ်ဆေးဆောင်ရွက်နေမှုများနှင့် ပတ်သက် ၍ တာဝန်ကျ ဌာနဆိုင်ရာအသီးသီးတို့မှ ပုသိမ်မြို့သို့ဝင်ရောက်လာကြသူများနှင့်အလွယ်တကူဆက် သယ်ဆောင်ရွက်နိုင်ရေး တိကျသော ဖုန်းနံပါတ်များနှင့် ဆက်သွယ်ရန် လိပ်စာအတိအကျကို စာရင်း ရေးသွင်းထားရှိရေး၊ ကွာရတင်းစင်တာများကို စနစ်တကျဆောင်ရွက်ထားရှိရေးနှင့် Home Isolation. ထားရှိသည့်အိမ်များနှင့်ပတ်သက်သည့်အကြောင်းများကိုဆွေးနွေးပြောကြားသည်။
ကိုဗစ်-၁၉ မျိုးရိုး.ဗီဇပြောင်းရောဂါစောင့်ကြည့်ခြင်းလုပ်ငန်းများအား ဌာနဆိုင်ရာများနှင့်ပြည်သူ လူထုတို့ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် ရပ်ကွက်များအလိုက်ကြေညာ ခြင်းအစီအစဉ်များဆောင်ရွက်သွားကြရေဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက် )