နွားထိုးကြီး ဖေဖော်ဝါရီ ၁၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း ၍ စာရေးဆရာ အောင်သင်း ရေးသားသည့် “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး ဟောပြောချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊(Book Club)အသင်း ဥက္ကဋ္ဌ ဦးခြံမောင်မှ အမေးအဖြေ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာထောက်-၃ ဒေါ်ကြည်ကြည်စန်းမှ နောက်ဆက်တွဲ အမေးအဖြေများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရုပ်သံ-၃ ဦးနိုင်လင်းမှ ဗေဒင်နှင့် ဘဝရည်မှန်းချက် ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး မိမိတို့ ဖတ်ရှုခဲ့သည့် စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်ပါ အကြောင်းအရာများမှ နားလည်မှတ်သားထားရှိမှုများကို နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ တစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်