ကျောက်ဖြူ ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်/ကောလိပ်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ ပြည်သူလူထုများ၊ NGOs အဖွဲ့အစည်းများနှင့် ကျေးရွာသူ၊ ကျေးရွာသားများအား ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန် နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူများက ရမ်းဗြဲမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ အသိပညာပေးများ ဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးဟောပြောရာတွင် ကျောက်ဖြူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ထက်စန္ဒာအောင်က ရမ်းဗြဲမြို့နယ်၊ အထက(ပုလုတောင်) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျော ညီထွေနေထိုင်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးမောင်အေးမှ ရမ်းဗြဲမြို့နယ်၊ အထက(ကုန်ဘောင်-၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ရာသီဥတုပြောင်းလဲခြင်းနှင့် ယင်း၏အကျိုးသက်ရောက်မှုများ ခေါင်းစဉ် ဖြင့် လည်း ကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်နှင်းဖြူဖြူဖွေးမှ ရမ်းဗြဲမြို့ (အထက)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဒီရေတောများပြုစုထိန်းသိမ်းစောင့်ရှောက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဌာနခွဲစာရေး ဦးဇော်မင်းထွန်းမှ ရမ်းဗြဲမြို့နယ်၊ အထက(အဝတောင်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဒီရေတောများပြန်လည်ထိန်းသိမ်းကြစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း အသိ ပညာပေးဟောပြောခဲ့ကြသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ မေးမြန်းမှုအား တာဝန်ရှိသူများမှ အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အမေးအဖြေများ မေးမြန်း၍ အဖြေမှန်သူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ဖြိုးဝေလင်း(ပြန်/ဆက်)