သံဖြူဇရပ်မြို့နယ်တွင် (၇၅)နှစ်​မြောက် မွန်အမျိုးသား​နေ့ အခမ်းအနားကျင်းပ

သံဖြူဇရပ်  ဖေ​ဖော်ဝါရီ  ၁၇

(၇၅)နှစ်​မြောက်  စိန်ရတုမွန်အမျိုးသားနေ့ အခမ်းအနားကို၊  မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မွန်ဓမ္မာရုံကြီးတွင် ယ​မန်နေ့နံနက် ၇ နာရီက ကိုဗစ်-၁၉​ရောဂါကာကွယ်​​ရေး စည်းမျဉ်းများနှင့်အညီ ကျင်းပသည်။​

ရှေးဦးစွာ  မွန်အမျိုးသား အလံတင်ခြင်းနှင့် အလံ​တော်အ​လေးပြုခြင်းကို အခမ်းအနားတက်​ရောက်ကြသည့် မွန်တိုင်းရင်းသားပြည်သူများဖြင့်​ ဆောင်ရွက်သည်။ မွန်အမျိုးသားနေ့အခမ်းအနားကို ကျင်းပရာတွင် သဘာပတိ နိုင်ချိန်ဟုတ်က အဖွင့်အမှာစကား​ပြောကြားပြီး၊ ကျင်းပ​ရေးကော်မတီဥက္ကဋ္ဌ နိုင်​ငွေနှင့် ကျင်းပ​ရေး​ကော်မတီဝင် နိုင်မွန်ဂျစ်၊ နိုင်မွန်​ကျော်သိန်းနှင့် မွန်လူငယ် ကိုယ်စားလှယ် မင်းနန္ဒက စိန်ရတုမွန်အမျိုးသား​နေ့ ဂုဏ်ပြုစကား​ပြောကြားသည်။

ထို​နောက် (၇၅)နှစ်​မြောက် မွန်အမျိုးသား​နေ့(ဗဟို)မှကျင်းပသည့် မွန်စာ​ပေကဗျာ၊​ ဆောင်းပါးပြိုင်ပွဲမှ ဆုရရှိသူများကိုလည်း​ကောင်း၊​  နွေရာသီမွန်စာ​ပေသင်​ကျောင်းမှ  မြို့နယ်အဆင့် ဆုရရှိကြသူများနှင့် အ​ခြေခံပညာ​ကျောင်းများမှ မွန်တိုင်းရင်းသားစာပေစာ​မေးပွဲတွင် မြို့နယ်အဆင့် ဆုရရှိကြသူများအား   ကျင်းပ​ရေး​ကော်မတီဝင်များမှ   ဆုများချီးမြှင့်ကာ မွန်အမျိုးသား​နေ့အခမ်းအနားအတွက် ပံ့ပိုးအလှူရှင်များကို  ဂုဏ်ပြုလွှာများ​ပေးအပ်ပြီးနောက်     မွန်ရိုးရာ  အဆို၊  အကများဖြင့်​  ဖျော်​ဖြေတင် ဆက်သည်။

မွန်တိုင်းရင်းသားများ၏ အ​လေးအမြတ်ထားသည့် မွန်အမျိုးသား​နေ့အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်တပို့တွဲလပြည့်​ကျော် (၁)ရက်​နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်းသိရသည်။

အေးအေးမွန်(ပြန်ဆက်)